Dec 9, 2015

အဝေးကြီးကလာရတယ် (၁၁)


 မိုင်သန်းပေါင်းများစွာ အထိ
တိတ်တိတ်လေးစီးဆင်းခဲ့တာ။
ကိုယ့်အဝိဇ္ဇာနဲ့ကိုယ်။

ပြန်လှည့်ကြည့်တော့
ချော်ရည်ပူတွေ

အသံမထွက်တတ်တဲ့ ခရီးတာဟာ
အဝေးကြီးကလာရတယ်။

ခေါင်းညိတ်တယ်၊ ခေါင်းခါတယ်။
မျက်နှာကို တဘက်လှည့်ထားတယ်
မမဲ့တတ်တော့ဘူး။

ပြုံးတော့ပြုံးထားတယ်။

ပြန်မရှင်နိုင်တော့ဘူး။

အသေ။

နေမိုးဝေ
9.12.2015

No comments: