Feb 19, 2016

အဝေးကြီးကလာရတယ် (၁၂)

ဘယ်ဘူတာမှာမှ မရပ်နားဖြစ်တဲ့
အနှစ်သုံးဆယ်ရထားဟာ
ခံစားချက်သက်သက်နဲ့ပဲ
အမြဲတမ်း ခုတ်မောင်းတယ်။

ပြာရီမှုံဝါးခဲ့ပြီးမှတော့
ဘာနဲ့မှ မနီးနိုင်တော့ဘူး။
ဂျုံးဂျုံးဂျက်ဂျက်နဲ့ပဲ
ဂျုံးဂျုံးကျလာတယ်။

ဂငယ်လိုကွေ့တယ်
ထုပ်တန်းလိုဖြောင့်တယ်
ရုပ်ကိုလည်း အတ္တစွဲတယ်
ဝေဒနာကိုလည်း အတ္တစွဲတယ်။

ခံစားချက်သက်သက်နဲ့
အမြဲတမ်းခုတ်မောင်းလာတဲ့ ရထားဟာ
တနေနေရာရာမှာတော့
ဆိုက်ကပ်လိမ့်ဦးမယ်။

အဝေးကြီးကလာရတယ် ။

နေမိုးဝေ
15.12.2015

No comments: