Feb 14, 2016

ချစ်သူသို့ (၁၇)




မိုးတိမ်တွေထဲပျံဝဲသွားတဲ့အခါ
မျက်နက်ဝန်းကလေးဟာ
ကြည့်လဲ့တောက်ပြောင်နေဦးမှာပဲ။

အကြည့်တချက်ကစလို့
အရာရာနူးညံ့ဝင်းပလို့နေပုံများ
အဆုံးအစမရှိ
ယစ်မူးရလေတယ်။

ချစ်သူရယ်
ဘဝက တိုတယ်
သံသရာက ရှည်တယ်
ယုံကြည်မှုနဲ့ တည်ဆောက်ထားသမျှ
ကာလတလျှောက်လုံး
အလင်းရောင်တွေ အဆုံးမဲ့။

naymoewai
14.2.2016

No comments: