Jan 12, 2018

အဝေးကြီးကလာရတယ် (၁၇)




ဒီအရပ် ဒီဇာတ်နဲ့ဆို
ချစ်ခြင်းတရားကို မျက်ကွယ်ပြုလိုက်ချင်စရာ။

ခရီးလမ်းဆိုတာမျိုးကလည်း
ဘယ်ညာ မှားကွေ့ရုံနဲ့တင်
ဖြောင့်ဖြောင့်ဆန့်ကျင်သွားတာမျိုးပဲ။

တောကြီးမျက်မည်းထဲမို့
ဘာမဆို လိုသလိုပုံပြောင်းသွား။

ရိုးရိုးတွေးတော့
ရိုးရိုးလေးပဲ ဝမ်းနည်းတယ်။

ခရီးလမ်းကရှည်လွန်းတယ်။

ကိုယ့်မှာ
အဝေးကြီးကလာရတယ်။


နေမိုးဝေ
14.2.2014

No comments: