Jan 12, 2018

အဝေးကြီးကလာရတယ် (၁၈)



တရွေ့ရွေ့တိုက်စားသွားသော
အချိန်ကာလတွေ
အချိန်ကာလတွေ

ရပ်မရတဲ့
နာရီသံကဗျာသီချင်းမှာ
အရောင်တွေ လွင့် ပြယ်။

ဘာမှထူးခြားမသွားဘူး
ကာလခရီးတလျှောက်
အနီးအနားမှာတင် အမှောင်ကျတယ်။

အဝေးဆုံးဝေးသွားတယ်။
အဝေးဆုံးကိုဝေးသွားတယ်
လို့ ထင်ရတယ်။

အဝေးကြီးကလာရတယ်။

နေမိုးဝေ
16.3.2016

No comments: