Jan 12, 2018

အဝေးကြီးကလာရတယ် (၂၅)




အသွေးအသားနဲ့ တည်ဆောက်ထားတဲ့
သံယောဇဉ်တွေဟာ
ပင်လယ်လောက်ကြီးပြီး
ပင်လယ်လောက် ဝေးကြရတယ်။
ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတာကလည်း
ရေကြည်ရာမှာ မြက်နုရတာပဲမဟုတ်လား။
မျက်လုံးတွေ ကို
တဆုံးမှိတ်ထားလိုက်တယ်။
ဘာသံမှ မကြားရတော့အောင် ...
အဝေးကြီးက လာရတယ်။
အဝေးကြီးမှာ။

 နေမိုးဝေ
2.4.2017

No comments: