Feb 14, 2018

အိမ်​သူသို့ (၃)


ကိန်းဂဏန်း​တွေကို
အ​လေးထားဖို့မလိုခဲ့တဲ့တိုင်
အထိမ်းအမှတ်​ဖြစ်​သွားကြတဲ့ကိန်းဂဏန်း​တွေ။

ပန်းပွင့်​​​တွေ မိုးစက်​​တွေကစလို့
သက်​တန့်​​တွေ ​ကောင်းကင်​​တွေဆီကိုလည်း
ရောက်​​အောင်​သွားခဲ့ကြတာပဲ။

ချစ်​သူ​ရေ
ချစ်​ရတဲ့ အိမ်​သူ​ရေ

သာယာခြင်း၊ ​ပျော်​ရွှင်​ခြင်း
ချိုလွင်​ခြင်း၊ ကြည်​စင်​ခြင်း နဲ့
အရာအားလုံးကို
ဘာမဆို​ကျော်​ဖြတ်​နိုင်​ကြမယ့်​အ​ကြောင်း။

တွဲချိတ်​ယှက်​သန်းထားကြတဲ့
လက်​​ချောင်း​လေး​တွေအချင်းချင်း 
နှောင်​တွဲခိုင်​မြဲ​နေကြတာဟာ
အဲဒီ လက်​​ချောင်း​လေး​တွေအချင်းချင်းရဲ့ နားလည်​မှု​တွေပဲ မဟုတ်​လား။

n a y m o e w a i
14.2.2018

No comments: