Jan 12, 2018

အဝေးကြီးက လာရတယ် (၂၂)



ဘယ်တော့ရောက်မယ်မှန်းမသိ
မောင်းနှင်ရတဲ့ ခရီးမှာ
အချိုးအကွေ့တွေဟာ
ချိုးလွန်းကွေ့လွန်း စိတ်ပျက်ဖွယ်။

ဖြူမယ်ထင်ထားလည်း မည်း။
မည်းမယ်ကြိုတွေးတော့လည်း မည်း။
အမှောင်ရဲ့နှစ်ထပ်ကိန်းရင်းကလည်း မည်းလွန်းတယ်။

လောက က မာယာများတယ်
အဝေးကြီးက လာရတယ်။

နေမိုးဝေ
21.8.2016

No comments: