Jan 12, 2018

အဝေးကြီးကလာရတယ် (၂၁)




ကြယ်ရောင်နဲ့ မျှားရတဲ့ လမ်း

သစ္စာပန်းတွေထွေးပွေ့ထားတဲ့ ညနေ

ပုခုံးစွန်းချင်း ထိကပ်ထားတဲ့ မြန်နှုန်းမြင့်ထောင့်စွန်း။



ငွေ့ရည်အဖွဲ့ နည်းခဲ့တာကအဝိဇ္ဇာလား

ခရီးလမ်းတလျှောက်လုံးကပဲ အဝိဇ္ဇာလား

မြူတွေဟာ ထုနဲ့ထည်နဲ့ ကာဆီးထားတယ်။



မြင်ရသမျှ လမ်းကြောင်းတွေဟာ

တိုလွန်းတယ်။ ကျဉ်းလွန်းတယ်။



အဝေးကြီးက လာရတယ်။



နေမိုးဝေ

2.10.2016

No comments: