Jan 12, 2018

အဝေးကြီးကလာရတယ် (၁၉)



နည်းနည်းပျင်းတဲ့အခါ
စုန်စီးနေတဲ့ခရီးအတိုင်း
အကြုံလိုက်သွားရတာမျိုးပဲမဟုတ်လား။

ကံကြွေးသက်သက်နဲ့ပဲ
တလှမ်းချင်းလှမ်းကြရတယ်။

သံမဏိတွေတောင် အရည်ပျော်မတတ်
ဆူဝေလောင်ကျွမ်းတယ်။

ကုပ်ယူထားကြတဲ့ အင်အားကို
ပရမ်းပတာ စကားနဲ့ပဲ အုံဖွဲ့ပစ်လိုက်ရော။

အပျင်းနည်းနည်းကြီးတယ်။
အားထုတ်မှုနည်းတယ်။
လက်သီးဆုပ်ပြီး လက်ညှိုးထိုးတယ်။

ကိုယ်ယဉ်ထားတဲ့ စိတ်ကူးလေး
ရိုင်းသွားမှာကို စိုးရွံ့တယ်။

လေတိုက်တာလောက်မှာတင်
အခါခါပြိုလဲတော့လည်း . . .

မျက်လုံးနှစ်ဘက်မှာ အဝတ်နက်စည်းပြီး
ဆုပ်ကိုင်ထားတဲ့ ခဲလုံးကို
အားကုန်လွှဲ ... ပစ်လိုက်တယ်။

အဝေးကြီးကလာရတယ်။

နေမိုးဝေ
9.4.2016

No comments: