အကြောင်းလေး ရေးထားတာဖတ်လိုက်ရတယ်။
ဘာရယ်မဟုတ်ပါဘဲနဲ့စိတ်ထဲမှာ နှမြောသလို ၊ လွမ်းသလို ၊ မောသလို . . .။
အဲဒီလို ဖြစ်ရတာ အကြောင်းနှစ်ချက်ရှိပါတယ်။
ပထမ အချက် မာလာဆောင် ကိုလွမ်းတာဖြစ်ပြီး ၊
နောက်တစ်ချက် ကတော့တောင်ငူဆောင် ကိုလွမ်းတာပါ ။
တောင်ငူ ကတော့ ကျွန်တော် နဲ့ တိုက်ရက်ပတ်သက်လို့ လွမ်းတာပါ။ မာလာကတော့ ကျွန်တော်
နဲ့ ပတ်သ်မှု မရှိပါဘူး ။ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ အစိတ်အပိုင်းတွေ ပျက်စီးရတာပေါ့
အနုပညာ တချို့ လည်း ပျက်စီးရသလိုပါပဲ။ ဥပမာ မာလာဆောင် မောင်မလာ ဆိုတဲ့သီချင်းမျိုးဆိုပါတော့ ။ မာလာဆောင် ကို အင်္ဂလိပ်စာသင်တန်းကျောင်းဆောင်လို့ သိထား
တဲ့ မျိုး ဆက်သစ် တွေအတွက် အနည်းဆုံး တော့ မာလာရာဇ၀င်ကို ရှင်းပြ နေရမှာပါ။
အနုပညာကို ရှင်းပြနေရမှတော့ အဓိပ္ပာယ်မရှိတော့သလိုပါပဲ။(ကျွန်တော်တစ်ယောက်ထဲရဲ့
အမြင်မို့ လွပ်လပ်စွာသဘောထားကွဲနိုင်ပါတယ်)
အဲဒီ global English ဆိုတဲ့ သင်တန်းဟာ မာလာဆောင် မှာမဖွင့်ခင် တောင်ငူဆောင်
ကနေစခဲ့တာပါ။ကျွန်တော်တို့ အဲဒီသင်တန်း ကို စတက်ဖြစ်တာ သင်တန်းဖွင့်ဖွင့်ခြင်း
ကာလတွေမှာပါပဲ။ရန်ကုန် တက္ကသိုလ်မှာဆို အမြဲတမ်း တက်ချင်ခဲ့တဲ့ကျွန်တော်ဟာ
အဲဒီသင်တန်း ခေါ်တဲ့ သတင်းကို အချိန်နည်းနည်းနှောင်းပြီးမှ သိခဲ့တာပါ။
လျှောက်လွာတင်ဖို့ သွားတဲ့ရက်ကပဲ သတင်းစာထဲမှာ ကြောညာထားတဲ့ နောက်ဆုံးရက်
ဖြစ်နေပြီ။ တောင်ငူရှေ့ ကိုရောက်တယ်ဆိုရင်ပဲ ရန်ကုန်တက္က သိုလ်ရဲ့ နာမည်ကျော် ဦးချစ်လဘက်ရည်ဆိုင်ကို တွေရ ပါတယ် ။ ဘယ်လိုမှ တိုးမပေါက်နိုင်တဲ့ လူအုပ်ကိုကြည့် ပြီး
ကျောင်းတက်ရဖို့ လမ်းကို မတွေ့ ရပါဘူး။ စနည်းနာကြည့်လိုက်တော့ လျှောက်လွှာ က၁၀စောင်
၁၅ စောင်လောက်ပဲ ကကျန်နိုင် ပါတော့တယ် ။ လူအုပ် ကတော့ ၅၀ လောက်ရှိနေတယ် ။
စနစ်တကျ ဦးဆောင်တဲ့ လူမရှိတော့ တန်းစီတာတွေဘာတွေမရှိပဲကျွန်တော်တို့ ဗမာတွေရဲ့ ထုံးစံအတိုင်း တစ်ယောက်တစ်ပေါက် သာ တိုးဝှေ့နေကြတာပါ။
အဲဒီချိန်မှာ ကျွန်တော်သတိရမိလိုက်တာ ဆရာနီကိုရဲ ရဲ့ စိတ်အိုင်ပက်သူ ပါ ။(ရုပ်ရှင်ပြန်ရိုက်တဲ့
ချစ်ခြင်း ရင်ခုန် ယုံကြည်စွာဖြင့် ကတော့ အဲဒီတုန်းက တင်ပြီးပြီလား မတင်ရသေးဘူးလား မမှတ်မိတော့ဘူး)
ကျွန်တော်က အဲဒီထဲက ဇာတ်ကောင် လို အားလို့တော့ မအော်ပါဘူး ။ အရင် အခြေအနေကို ကြည့်လိုက်ပါသေးတယ်။လျှောက်လွှာတွေထုတ်ပေးနေတဲ့ ဆရာမတစ်ယောက်နဲ့ မျက်လုံးချင်းဆုံအောင် အရင်လုပ်ရပါတယ် ပြီးတော့ ခပ်တည်တည် နဲ့ “ဗျာ တီချယ် ”
“ကျွန်တော်တို့ က ငါးယောက် ” လိုပြောပြီး လူအုပ်ထဲကို တိုးဝင်သွားလိုက်တာပါပဲ ။
မတတ်နိုင်ဘူးလေ ကိုယ်က အရမ်းတက်ချင်နေတာကိုး။ ဒီတော့လည်း လည်သလိုလေး
ကြည့်လှုပ်ရှား ရတာပေါ့။ လူလည်ကျတာဆိုရင် လည်း ငြင်းမှာမဟုတ်ပါဘူး။
အဲဒါနဲ့ ပဲကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်တောင်ငူဆောင်ရဲ့ အချိန်ပိုင်းကျောင်းသားတွေ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တွေက ၂၀၀၃ ခုနှစ်ရဲ့ ဆောင်းတွင်းကာလ တွေပါပဲ
သင်တန်းချိန်တွေက တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာ။ အင်္ဂါ၊ ကြာသာပတေး၊ စနေ။
နဲ့ စနေ၊ တနင်္ဂနွေ ကြိုက်တဲ့ အချိန်ပိုင်းယူလို့ရပါတယ်။(လျှောက်လွှာမှာ တစ်ခါတည်းဖြည့်ရတာပါ) ကြားရက်တွေက မနက် ၇း ၀၀ ကနေ ၉း ၀၀ တစ်ချိန်ထဲရှိပါတယ်။
စနေ၊တနင်္ဂနွေ ဆိုရင် မနက် ၉း၀၀ ကနေ ၁၂း၀၀ ရယ် နေ့လည် ၁း ၀၀ ကနေ ညနေ ၄း ၀၀
နှစ်ချိန်ရှိတာပါ။
ကျွန်တော်တော့ကတော့ လာဟူးကြာ အတန်းတွေကို ရွေးတက်ဖြစ်ခဲ့တယ်။ စစတက်ခြင်း
သူငယ်ချင်း ငါးယောက်တက်ခဲ့ကြပေမဲ့ နောက်ပိုင်း သုံးယောက်ပဲတက်ဖြစ်တော့တာပါ။
Level ၅ခုရှိတဲ့ အထဲက ဒုတိယ level ကလို့ စနေ၊ တနင်္ဂနွေ တန်းတွေ ပြောင်းတက်ဖြစ်ခဲ့တာပါပဲ။
ကျွန်တော် ကဗျာတွေ ကို တစိုက်မတ်မတ် ရေးဖြစ်ခဲ့တာက တော့ တောင်ငူ ကြောင့်ဆို မှားလိမ့်မယ်မထင်ပါဘူး။
အတန်း ရဲ့ တတိယ level တွေတုန်း က သူငယ်ချင်းတစ်ယောက်နဲ့ တွဲပြီး လက်ကမ်း စာစောင် ဆန်ဆန် ကဗျာ စာရွက် ကလေး ထုပ်ပြီး ဝေဖူးပါတယ်။ a4 လေးခေါက်ချိုး လေးပါ
မှတ်မှတ်ရရ သူငယ်ချင်းနှစ်ယောက် တွဲပြီး ဒီကဗျာလေး ရေးဖြစ်ခဲ့ပါတယ်

တတိယနိဂုံး
အစဉ်လိုက် ဖြစ်နေတဲ့
အဆုံသတ် တစ်ခု
သတိမပြုမိခဲ့
သုံးကြိမ်မြောက် . . .
နှုတ်ဆက်ကြတော့မယ့် လက်တွေ
မတည်ငြိမ်သေးလို့ ။
တောင်းပန်ပါတယ် တနင်္ဂနွေ
ခဏလေး ရပ်နေစမ်းပါ
အိမ်ပြန်ဖို့ သတ္တိတွေ
အခုမှ . . . မွေးနေတုန်းမို့ ။
ခရီးမဆုံးသေးပေမယ့်
မထင်မှတ်တဲ့
ထောင့်ချိုးတွေက ရှိသေးတယ် ။
ဆုံခဲ့ရတဲ့ အကြည့်တစ်ချက်
တစ်သက်လုံရူးလည်း ကျေနပ်တယ် ။
မရည်ရွယ်ခဲ့ပါဘူး
ပျော်ရွှင်မှုတွေက
ပန်းပျိုးလက်တစ်စုံအတွက်
ဝမ်းနည်းခဲ့တယ်ဆိုရင် . . .
ခွင့်လွတ်ပေးပါ ။ ။
လင်းပြင် + မိုးနေ
(ကျွန်တော် အဲဒီ အချိန်တွေတုန်း က မိုးနေ ဆိုတဲ့ နာမည်နဲ့ ရေးတာပါ )
မှန်ရာကို ၀န်ခံရရင် ဒီကဗျာ ဟာ အဖြူထည်သက်သက် မဟုတ်ပါဘူး။
ကျွန်တော့ သူငယ်ချင်း ကဘာမှသိပ်မဟုတ်ပေမဲ့ ကျွန်တော် က တစ်စုံတစ်ယောက်ကို
ရည်ရွယ်ခဲ့ တာပါ။ ကာယကံရှင်ရဲ့ စကားအတိုင်း ဆို သူ့ ကိုကြိုက် တာ တစ်တန်းလုံး
လိုက်ကြေညာသလိုကြီး။
နောက်တော့အဲဒီနေ့ရက်တွေတုန်းက ဘာမှ လည်းမဟုတ်ပဲ နဲ့ ကျွန်တော်တို့ က ဆိုးတယ်လို့ နာမည်ထွက်ဖူးပါတယ်။ ဘာမှတော့ မဟုတ်ပါဘူး ပျော်ပျော် လောင်လောင်နေတတ်တဲ့ ကျွန်တော်တို့ နဲ့ ဆရာမ အပျို ကြီးတွေနဲ့ တွေခဲ့တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။
ခပ်လွယ်လွယ်ရေးတော့
ဒီလိုနဲ့ပဲ…………….ပေါ့
တစ်ရက်ပြီးတစ်ရက်နဲ့ သင်တန်းက ပြီးဆုံးခဲ့ပါတယ်။
သင်တန်းရဲ့ တကယ့် နောက်ဆုံးနေ့ရက်တွေမှာတော့ ကျွန်တော်တို့ဟာ ကိုယ်ရေးကိုယ်တာ
ကိစ္စ တချို့ ကြောင့် အတန်းဖော်တွေ နဲ့ တသားထဲ မဖြစ်ခဲ့ပါဘူး။ အောင်လက်မှတ်(diploma) က
ရန်ကုန်တက္က သိုလ်ရဲ့ နာမည်ကျော် ဘွဲ့ နှင်းသဘင်ခမ်းမမှာ ယူခဲ့ရတာတောင် အတန်းဖော်တွေ အမှတ်တရရိုက်ထားတဲ့ ဓါတ်ပုံမှာ ကျွန်တော် တို့ သုံးယောက်မပါခဲ့ပါဘူး။
အရမ်း လွမ်းစရာကောင်းခဲ့ပါတယ်။
အောက်မှာရေးထားတဲ့ ကဗျာကတော့ အချိန်တော်တော်ကြာပြီးမှ ရေးထားတာပါ။
အဲဒီ ကဗျာကတော့ အဖြူထည်စစ်စစ်တွေပါပဲ။
1 comment:
ကျွန်မလည်း အဲ့ဒီအတန်းတွေတက်ဘူးတယ်။
တောင်ငူဆောင်ရယ်၊ ဦးချစ်ကင်တန်းရယ် ကံကော်ရိပ်ကို
သိပ်လွမ်းတာဘဲ။
ကျွန်မတို့နှစ်ကတော့ တောင်ငူဆောင်။ လေ့ကျင့်ရေးကျောင်း၊
မာလာဆောင်။ သုံးနေရာပြောင်းတာ သုံးနေရာလုံးမှာ
တက်ဖြစ်တယ်။
သတိရလို့ ၀င်ရေးလိုက်တာပါ။
နှင်းဆီနီနီ။
Post a Comment