Dec 19, 2010

အဝေးမျက်ရည်

မိုးကဖြင့်ရွာတော့မယ်
ဟောဒီမှာ
ပျိုးခင်းတွေက
မသာယာသေးဘူး။

နေမဝင်ခင်
မြင်ပါရစေ
နှလုံးသားအလင်းကလေးရယ်။

အလေ့ကျပွင့်တဲ့ ပန်းမို့
ပရမ်းပတာ ဖြစ်ခဲ့ရပါတယ်။

အိမ်မက်တွေတောင်
ကြေလို့ကွဲလို့။ ။

4 comments:

jr said...

ရိုးရိုးလေးနဲ့ လှတဲ့ကဗျာ။

အုပ်ကြီး said...

အလေ့ကျပွင့်တဲ့ပန်း
နမ်းရဲမှနမ်း

တကယ်တမ်း
လွမ်းသင့်မှလွမ်းချင်ပေမယ့်
ဘယ်အချိန်လွမ်းရမလဲမသိတော့ခက်တယ်ဗျာ..

Anonymous said...

ရိုးရိုးလေးနဲ့ လှသော ချစ်ဖို့ကောင်းသော ကဗျာ

littlebrook

ညလင်းအိမ် said...

လှ တယ် ...