Jan 10, 2015

ချစ်သူသို့ (၁၃)


နှစ်ကာလတွေ
အခါခါခြားပြီးမှ
ဘယ်လိုအလင်းစကားတွေ
နာကြားကြမလဲ။

ကိုယ်လျှောက်ခဲ့တဲ့လမ်းကိုက
မြွေလိမ်မြွေကောက်မို့
ဖြောင့်တန်းမပြနိုင်ခဲ့တဲ့တိုင် ...

ချစ်သူရေ
ကြွေပွင့်ကွက်ကလေးတွေရဲ့
နိမိတ်ဖတ်ဗေဒင်ကြောင့်တော့
ကိုယ်မော့ထားတဲ့ ခေါင်းက
ညွတ်ပြောင်းသွားမှာ မဟုတ်ဘူး။

ထပ်ပြီးယုံကြည်ထားလိုက်စမ်းကွယ်
ကြယ်ပွင့်ကလေးတွေရဲ့သီချင်းနဲ့ပဲ
ရဲရင့်ပြီး လင်းလက်တောက်ပပြဦးမယ်ဆိုတာကို။

အခါခါ အထပ်ထပ်
ဘဝကိုရင်းပြီး ပေးတဲ့ ကတိအတွက်
နောက်ထပ်ဘယ်တော့မှ
ခေါင်းငုံ့မထားတော့ဘူးကွယ်။

Naymoe Wai
10.1.2015 (23.53)

No comments: