ပြန်ပြောမပြတဲ့ စကားဆိုတာ
မင်းမျက်လုံးက ကြားခဲ့ရတာ။
ကောင်းကင်အိုအို၊ ဘဝတိုတိုမှာ
တို့တွေ အလိုရမက်တွေလည်း
နည်းနိုင်သမျှ နည်းကြမယ်။
ချစ်သူရေ. . .
ရိုးဖြောင့်ကြည်စင်
ချစ်သူချင်းကြည့်ရတဲ့ နက္ခတ်ဗေဒင်မှာ
ယတြာ ဆိုတာ မပါလောက်ပါဘူး။
ဒီရာသီ ဒီဂီတ မှာပဲ
လင်းငြိမ့်သက်ညောင်း
ခရီးတလျှောက်လုံး သာယာကောင်းပါရဲ့ကွယ်။
02-02-2012
23:55
No comments:
Post a Comment