Oct 15, 2014

ချစ်သူသို့ (၁၂)



ဆောင်းရနံ့ သင်းတဲ့
သက္ကရာဇ် တွေ ...

မနက်ခင်းအသစ်တွေကလည်း
အေးမြခြင်းတွေ ဖြစ်လိမ့်မယ်။

ရနံ့လင်းမြူ
အမြဲတမ်း မွှေးကြူတဲ့
ကိုယ့်ရဲ့ စံပယ်ဖြူဖြူကလေးရေ ...

တေးကဗျာသံတွေကလည်း
တလွင်လွင်ညံလို့။

အင်္လကာမြောက်
တေးသွားသီချင်း
သံစဉ်များမှာ ....

သာယာတတ်ပါစေ။
ပျော်ရွှင်တတ်ပါစေ။
မျောလွင့်တတ်ပါစေ။

ချစ်သူရေ။


15.10.14 (00:14)

No comments: