Jun 2, 2014

ချစ်သူသို့ (၁၁)



တမင် ညှိယူဖို့ မလိုတဲ့
သံစဉ်များဟာ
ပြောဘဲ သိတဲ့
ဘာသာ စကားပါ  ချစ်သူရယ်

တစ်​​ယောက် လက် ကလေး ကို
တစ်​​ယောက် က ဆွဲလို့

တစ်​​ယောက် ရဲ့ အကြည့် ကို
တစ်​​ယောက် က သိမ်းဆည်းလို့

နှစ်​​ပေါင်းများစွာ  ...
နှစ်​​ပေါင်းများစွာ  ...
နှစ်​​ပေါင်းများစွာ ...

အတူတကွ
အသက် ရှူ ခဲ့ ကြတာပါ။

ခရီး စ ကတည်းက
မနီးလှဘူး ဆိုတာလည်
အတူတူ သိခဲ့ ကြတာပဲ လေ။

မနက်ဖြန် တိုင်းမှာ
မနက်ဖြန်​​တွေ ကို  မျှော်​​ငေးရင်
တစ်​​ယောက်နဲ့တစ်​​ယောက်
လက်သန်း ကလေး အချင်းချင်
ချိတ်ဆက်ရင်

ဟင်းလင်းပြင် အကျယ်ကြီးထဲမှာ
အသက် ကို
အောင် ရှူ ခဲ့ ကြတာ ပဲ မဟုတ်လား။

တောင်နံရံ မှမဟုတ်ဘဲ
ချောက် ကမ်းပါး မှ မဟုတ်ဘဲ
နှစ်​​ယောက်သား
လက်သန်းချင်း ချိတ်လိုက် ရုံနဲ့
လံလောက် သွား ရမယ်

ကိုယ်​​ရေး ဂန္တဝင် နေ့ရက်​​တွေအတွက်
အမြင်ကွန်ယက် အချင်းချင်း ကို
နားလည်မှု နဲ့ တည်​​ဆောက် ကြမယ်​​လေ။

နှစ်ကိုယ်စာ လုံရုံ အမိုး နဲ့ ဆို
ကမ္ဘာ တစ်ခြမ်း လုံးလည်
အပိုင် သိမ်းလို့ နိုင်ပါရဲ့။

ရင်ချင်းအပ် ထားကြမယ်
ကျောချင်း ကပ် ထားကြမယ်

ချစ်သူရယ်
တို့ နှစ်​​ယောက် ရဲ့ နားလည်မှု ဆိုတာ
ကိုယ့် လက်သန်း နဲ့
ချိတ်ဆက် ထား တဲ့
မင်းရဲ့ လက်သန်လေးပါပဲ။

2.6.2014

No comments: