နွေဟာ နွေးနေလား
နွေမှာ နေဟာနွေထက်ပူတာလား
ပူတာကို ပူတယ်လို့
အသိမှာတင်ထားရစ်ခဲ့ဖို့
စိတ်ဟာ ရင့်ကျက်လို့မရသေးတာ
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ။
အမူပို မျက်စောင်းကလေးဟာ
ရှက်စိတ်ကြောင့်မဟုတ်မှန်း
အမူပိုမျက်စောင်းကလေးဟာ
ကျေနပ်စိတ်တချို့တဝက်ကြောင့်ဆိုတာ
ငါ ကောက်တွေ့ရတယ်။
အဲဒီအမူပိုမျက်စောင်းကလေးကရော
နွေမှာ နွေးနေမှာပဲလား။
ဒီလိုတွေးနေတာ
ငါဟာ
စောက်သုံးတစက်မှမကျတဲ့ကောင်
ငကြောင်။
ပူတာပဲဖြစ်ဖြစ် မပူတာပဲဖြစ်ဖြစ်
နွေဟာ နွေဆိုတဲ့
ရာသီဥတုပဲဖြစ်တယ်။
ကုန်းမြင့်ထက်က
လေပူတွေတိုက်လာတဲ့အခါ
ခြုံလွှာဝတ်ရုံကို
ထူထူကလေး ထွေးပွေ့ထားပါ။
မျက်တောင်လေးတချက်
ခတ် လိုက်တာဟာလည်း
ချစ်ခြင်းမေတ္တာကို အကြောင်းပြုလို့
နွေးသွားတတ်တာပဲ
ဆိုပြီး
ထင်ကြည့်လိုက်ဖို့
၂၃နာရီနဲ့ ၄၅မိနစ်ကြာခဲ့တယ်။
ဘာပဲဖြစ်ဖြစ် နွေရာသီကိုချစ်ပါ။
ပြီးတဲ့အခါ
နွေရာသီကိုပဲထားခဲ့လိုက်ပါ။
နောက်တစ်နေ့
အလင်းရောက်တဲ့အခါ
ကောင်းကင်တစ်ခုလုံး
ညိုမဲပုတ်ညစ်နေလိမ့်မယ်။
တကယ်တော့
နွေရာသီမှာ
နေဟာ အဆမတန်
ပူပြင်းလွန်းတယ်။
nmw
2015 aprial
No comments:
Post a Comment