May 22, 2015

မကြာခင် အနှစ်သုံးဆယ်

ကိုယ်က အသက်ကို သုံးဆယ်ပြည့်ဖို့
တလ နှစ်လလောက်လောက်ပဲ လိုတော့တဲ့အရွယ်
အဲဒီ အရွယ်မှာ ဏေသစ်ရဲ့
 `အသက်သုံးဆယ်မှာ ဘာလုပ်နေကမယ် စိတ်ကူးလဲလို့ သူငယ်ချင်းတစ်ယောက်က မေးလာတဲ့အခါ´ ကဗျာ ကိုဖတ်ရတယ်။
ကဗျာဖတ်တာပဲဖတ်လိုက်ပေါ့။
ငြိတယ်လို့ထင်လည်း ခံစားလိုက်ပေါ့။
ဒါပေမဲ့ ကိုယ့်အသက်ဟာ ၃၀။
မရောက်ချင်ရင်လည်း ရောက်ရဦးမယ်။
အချိန်မလွန်အောင် အလွန်ချိန်ရတာတွေများလာတယ်။
မျက်လုံးကို မှိတ်ထားချင်လည်း မဖြစ်မနေ ဖွင့်ထားရတယ်။
အပျက်သဘော ကိုပိုမြင်တတ်လာတယ်။
စာလုံးပေါင်းတွေ အမှားများလာတယ်။
မသိချင်ယောင်ဆောင်ထားမိတာတွေကို အဖက်ပြန်လုပ်လာတယ်။
အပြောင်းအလဲကို မပြောင်းလဲဘူးလို့ ထင်မိတဲ့ စိတ်ကလွဲလို့
ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်မလာဘူးလို့လည်း တွေးမိလာတယ်။
အခုချိန်ထိ ပိုပိုပြီး ပေါ့ပါးအောင် အားထုတ်ရင်းက ပိုပိုပြီး လေးလံလာခဲ့တယ်။

nmw
12 May 2015

2 comments:

ဏေသစ် said...

ကျနော််လည်း ဒီနေ့ မှ blog စ သုံးဖြစ်တယ်ဗျ
ဝင်လည်သွားပါတယ် :D

နေမိုးဝေ said...

ဟီးဟီး
အခုမှပဲ တွေ့တော့တယ် :)