Sep 23, 2015

တိုးတိုးလေးမြည်နေတဲ့အသံဟာ လတ်ဆတ်နေတုန်း


ဒီလိုနဲ့ပဲ
နွေရာသီတွေကုန်ဆုံးခဲ့ပြန်ပေါ့ကွယ်
နေသားမကျလဲ နေသားကျခဲ့ပါတယ်။

ခေါင်းနဲ့ဆောင့်တိုက်မိတာ
တိမ်တိုက်တွေမဟုတ်မှန်းလည်း သိပ်သိတာပေါ့။
ခလုပ်လေးလေးတစ်ခုကို
အဆုံးအထိ ဖိနှိပ်လိုက်ဖို့
လက်တွေဟာ
တဆတ်ဆတ်တုန်လား တုန်ရဲ့။
မြစ်ဆိပ်ရောက်ဖို့ ...
မျက်တောင်ကိုသုံးချက်တိတိခတ်ရ
အသက်ကို နှစ်စက္ကန့်တိတိအောင့်ရ
နှုတ်ခမ်းကို စေ့စေ့တင်းထားရ။
ဆုပ်ထားတဲ့လက်ကိုတော့ ဖြည်လျော့လို့ မရခဲ့။
တယောက်ထဲဆိုလည်း အသံတိတ်ခဲ့ပါတယ်။
မြစ်ကလေးနဲ့ ဝေးမသွားခင်။

နေမိုးဝေ
16.5.15

No comments: